သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိစစ်ဆေး
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များအား ညွှန်ကြား ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရွေး​ကောက်ပွဲ​ဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Sep 04,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ တွင် ယ​နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေး​ကောက်ပွဲ​ဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေး ကျင်းပခဲ့​ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်များအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေး
Sep 04,2020
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေငြာရာတွင် မှန်ကန် စေရေးအတွက် မဲဆန္ဒရှင်များမှ ပထမအကြိမ် မဲစာရင်း ကြော်ငြာရာ တွင် အမှားပြင်ဆင် လျှောက်ထားမှုများ ထပ်မံမှားယင်းမှု မရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ယနေ့ နံနက် (၁၀) နာရီမှ စတင်ကာ ရပ်ကွက်များအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်
Sep 04,2020
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ် နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အဓိကရေထွက်ပေါက်များအား ရေထိန်းတံခါးအသစ် တည်ဆောက်နေမှု တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Sep 04,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အဓိက ရေထွက်ပေါက်တစ်ခုဖြစ်သော မြယမုံစမ်းရေထွက်ပေါက်အား ရေထိန်းတံခါးအသစ် တည်ဆောက်မှုအ​ခြေအနေကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ဖြူးမြို့နယ်အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများလှူဒါန်း
Sep 04,2020
ပဲခူးတိုင်းဒေသကြီ၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှအခြေခံ ပညာကျောင်းများသို့အားကစားပစ္စည်း များ လှူဒါန်းခြင်းကိုစက်တင်ဘာလ (၃)ရက်ညနေ(၄)နာရီတွင် အ.ထ.က(၁)ကျောင်း၊စပယ်ဆောင်ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ အကျိုးဆောင်တောင်သူ ပညာပေး ဆွေးနွေးပွဲကျင်းပ
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ စိုက်ပျိုး ထုတ်လုပ်ခြင်းဆိုင်ရာ အကျိုးဆောင်တောင်သူ ပညာပေးဆွေးနွေးပွဲ ကို ယနေ့ နံနက် (၉) နာရီက ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး
Sep 04,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် ဒေသခံပြည်သူများ အိမ်တိုင်ရာရောက်စနစ်ဖြင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် ရေအရင်းအမြစ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်  ပြည်သူ - ကျေးလက် -ယူနီဆက်အဖွဲ့ တို့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။