ကျိုက်မရော စက်တင်ဘာ ၄
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေး ပိုင်ခွင့် ရရှိရေးအတွက် မဲစာရင်းများတွင် အမည်များမှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုများ မဖြစ်ပေါ် စေရေးအတွက် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင် လမ်းညွှန် မှုဖြင့် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာ တာဝန်ရှိသူများမှမိမိတို့တာဝန်ကျရာ ကျေးရွာ အသီးသီး ရှိသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်၍ မြေပြင် ရှိမဲ ဆန္ဒရှင် ပြည်သူများ အားတစ်အိမ်တက်ဆင်း ကွင်းဆေး၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရော မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်လမ်းဦးစီးဌာနမှ အငယ်တန်း အင်ဂျင် နီယာ ဦးကျော်ကျော်ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လမခိုကျေးရွာနှင့် ခနောင် ကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် အိမ်တိုင်ရာရောက်ကွင်းဆင်း ၍တစ်အိမ် တက်ဆင်းတိုက်ဆိုင်စစ်ဆေးပေးခဲ့ကြကြောင်းသတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)