ဇီးကုန်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ လိုက်လံစစ်ဆေး

ဇီးကုန်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူ ချက်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ဇီးကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ယနေ့ နံနက်ပိုင်းက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဌေးလင်း၊ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းထွေးနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူချက်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သည် ဇီးကုန်းမြို့နယ်အတွင်း ဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီ ဆိုင် များ၏ စက်သုံးဆီရောနှောမှုမရှိစေ ရေး၊ အချင်အတွယ်မှန်ကန်စေရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိမှု၊ ရောင်းချခွင့် သိုလှောင်ခွင့် လိုင်စင်များရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ကြသည်။

ဇီးကုန်းမြို့နယ်တွင် တရားဝင်စက်သုံးဆီဆိုင်လေးခု ဖွင့်လှစ်ရောင်းချလျက်ရှိ၍ အဆိုပါ စက်သုံးဆီဆိုင်များအား လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ လိုက်လံစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ ရောနှောမှု မရှိစေရေးနှင့် အချင်အတွယ် မှန်ကန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)