ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ ထုတ် တောင်သူများအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်

ကျောက်မြောင်း    စက်တင်ဘာ ၆

 စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ထုတ်‌ တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့‌‌နံနက် ၇ နာရီအချိန်က ကျောက်‌မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်မြောင်းမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်ဝင်းမှ (CERP)ဖြင့် မိုးစပါးမျိုးစေ့ ထုတ်လုပ်မှု လုပ်ငန်းရည်ရွယ်ချက်များနှင့် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ငွေပေးအပ်ရာ ကံကြီးတောကျေးရွာက တောင်သူများ ကိုယ်စား ကျေးရွာအုပ်ချုပ်‌ ရေးမှူး ဦးညီမောင်က လက်ခံရယူခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းများအား အထူးပင် ကျေးဇူးတင်ရှိ‌ကြောင်း ပြောကြားခဲ့သည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)