မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဆင်ပေါင်ဝဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တွေ့ဆုံ၍ မဲရုံများကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ         စက်တင်ဘာ  ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန်၊ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး မှတ်ပုံအမှတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်မီ ဆောင်ရွက်နိုင်ရေး၊ မဲရုံများအား Social Distancing နှင့်အညီ‌ဆောင်ရွက်နိုင်ရေးတို့ ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တင့်နှင့် အတွင်းရေးမှူး ဒေါ်ခိုင်မို့မို့ကျော်တို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက မဲရုံများအား Social Distancing နှင့် ဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)