ရေကြည် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ် အားလုံးမှ ဝင်ရောက်လာသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် (၇)မြို့နယ်မှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် အတွက် Facility Quarantine ထားရှိမည့် ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့်ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Facility Quarantine ထားရှိခြင်းဖြင့် ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ အဆိုပါ စောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၁)တွင်ထားရှိရန် နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စောင့်ကြည့်လူနာများ ထားရှိမည့် ကျောင်းဆောင်များ၊ အိမ်သာနှင့် ရေချိုးမည့်နေရာ များအား သန့်ရှင်းရေးလုပ်ခြင်း၊ နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)