မိုင်းပျဉ်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ် သွားနိုင်ရေးကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် အတွက်Facility Quarantine ထားရှိမည့် အ.ထ.က(မိုင်းပျဉ်း)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့်ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများကိုစက်တင်ဘာလ ၅ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Facility Quarantine ထားရှိခြင်းဖြင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ စောင့်ကြည့်လူနာများအား မိုင်းပျဉ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အ-ထ-က (မိုင်းပျဉ်း) တွင် ထားရှိရန်နေရာများအား ကြိုတင်ပြင် ဆင် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာများ ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးသူရမောင်နှင့်တပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်(၃)ခု တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ စောင့်ကြည့် လူနာများထားရှိမည့် ကျောင်းဆောင်များ၊ အိမ်သာနှင့် ရေချိုးမည့်နေရာ များအား သန့်ရှင်း ရေးပြုလုပ်ခြင်း၊ နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်း စည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာတိုင်း နှာခေါင်း စည်းမ ဖြစ် မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများက ဆောင် ရွက် လျက်ရှိကြောင်းလည်း သိရသည်။
မေမွန်ထွဋ် (ပြန်ဆက်)