သတင်းများ

မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ Hang Gelနှင့် နှာခေါင်းစည်းများလှူဒါန်း
Sep 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ မြို့နယ်ပြည်သူ့ စာကြည့် တိုက် သို့လာရောက်သူများနှင့် စာကြည့်တိုက်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသုံးပြုနိုင်ရန် အတွက် Hang Gelနှင့် နှာခေါင်းစည်းများကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ကလာ ရောက်  လှူဒါန်းခဲ့ကြောင်းသိ ရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသောအစားအသောက်များ ဈေးကွက်အတွင်း ‌ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 06,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း ရောင်းချနေသောဈေးဆိုင်များတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များဈေးကွက်အတွင်း ‌ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 06,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆောင်ခြင်းကို ယနေ့နံနက် (၉) နာရီခန့်က မြို့ပေါ်(၇)ရပ်ကွက် သို့ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး
Sep 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်ကွက် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု မရှိစေရေးနှင့် မျိုးကွဲနုတ်ပယ်ခြင်း ပေါင်းမြက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်နှံ့မှုမရှိစေရေးအတွက် မြို့မ‌ဈေးတွင် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က အဆိုပါဈေးတွင် ပူးပေါင်းအဖွဲ့များ နှင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre များတွင် အသုံးပြုရန် ဖိုက်ဘာခုံများလှူဒါန်း
Sep 06,2020
မန္တလေတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင်ဘက်စုံအသုံးပြုနိုင်ရန် စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်းက ဖိုက်ဘာခုံများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခြင်းမှ ထိန်းချုပ်နိုင်ရေးအတွက်  စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ရပ်ကွက်များအတွင်းလှည့်လည်ကြေညာ
Sep 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင် စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်နှင့် ထမင်းဆိုင်များအား  ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု တော့မည်ဖြစ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။