မိုင်းပန်မြို့၌ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လင်းခေးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် အဖွဲ့မှ နေအိမ်အပြင်ဖက်သို့ သွားလာလှုပ်ရှားနေရသော ပြည်သူများအား နှာခေါင်းစည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရ သည်။