သတင်းများ

မိုးနဲမြို့နယ်၌ (Cash For Work) စီမံကိန်းနှင့် ဆောင်ရွက်သောကျေးရွာသုံးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (Cash for Work) စီမံကိန်းနှင့် ဆောင်ရွက်နေသော ကျေးရွာသုံးရွာတွင် လုပ်ငန်းများဆောင်ရွက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ လူသွားလူလာများသော လမ်းဆုံလမ်းခွနေရာတွင် ဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်‌ကျေးရွာရှိ ကွင်းအမှတ် (၅)၊ ဦးပိုင်အမှတ် (၁၅/၂)ရှိ တောင်သူ ဦးဘ‌ထောင်၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ လက်ကိုင်ဟွန်းများ၊ နှာခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းစည်းများ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီခန့်က မြို့မဈေးအနီး လူစည်ကားရာနေရာတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 09,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်း ညှိနှိုင်အစည်းအဝေးကို ယနေ့နံနက် (၁‌၀ )နာရီချိန် လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပသည်။
ဆဒုံးမြို့ပြည်သူ့ဆေးရုံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Sep 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရိုင်၊ ဆဒုံးမြို့ ဆေးရုံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက အလှူရှင်က လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 09,2020
ချင်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့က မြို့အဝင်ဂိတ်များ၊ ရပ်ကွက်၊ ကျေးရွာများနှင့်စျေးများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။