ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ဆဋ္ဌမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Sep 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျှက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲ အချိန်က ရန်ပုံနှစ်ကျေးရွာတွင် စီမံကိန်းချေးငွေများ ဆဌမအကြိမ်အဖြစ် မြစိမ်းရောင်စီမံကိန်းငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။