သတင်းများ

ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ Hand Speaker များပေးအပ်
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတိပေး နှိုးဆော်ချက်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ပေးအပ်သော Hand Speaker များ ပြန်လည်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ဖျာပုံမြို့ပေါ် အလှကုန်ဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် မြန်မာစာကုန်အညွှန်းများ ကပ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ အလှကုန်ဆိုင်များတွင် ရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများနှင့် မြင်းခေါင်းတံဆိပ်အလှကုန်ပစ္စည်းများတွင် မြန်မာစာကုန် အညွှန်းအမှတ်အသားများ ကပ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာ၌ မာလကာပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Sep 09,2020
စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းတလူးကျေးရွာသည် စစ်ကိုင်းမြို့မှ (၂၇)မိုင်ခန့် ဝေးကွာပြီး စစ်ကိုင်း-ရွှေဘိုသွား မော်တော်ကားလမ်းမကြီး၏ ဘေးတွင်တည်ရှိကာ ကျေးရွာနေ ပြည်သူအများစုမှာ တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြသည်၊ တောင်သူလုပ်ငန်းအားလပ်သည့်
လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မသန်စွမ်းသူ များအား ထောက်ပံငွေ ပေးအပ်
Sep 09,2020
ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်ပိုင်း အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် မြို့အဝင်/ အထွက် ဂိတ်များတွင် မော်တော်ယာဉ်များ ကိုစစ်ဆေးခြင်းများဆောင်ရွက်
Sep 09,2020
ဧရာဝတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ် −၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင်/ အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့၌ volunteer လူငယ်အဖွဲ့မှ ကျေးရွာများသို့ Mask (၂၅၀၀) အခမဲ့လိုက်လံဖြန့်ဝေ
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် (Mask) နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့ နံနက် (၈)နာရီချိန်တွင် သဇင်ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်မိုးစပါး (၄၅၀)ဧက စိုက်ပျိုးပြီးစီး
Sep 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဧရာမင်း၊ မှော်ဘီ၊ ဆင်းဧကရီ-၃ မျိုးစေ့ထုတ် မိုးစပါး (၄၅၀) ဧကကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
တီးတိန်မြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲပြုလုပ်
Sep 09,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကေရစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲကို ယမန်နေ့ က တီးတိန်မြို့နယ် (ပြန်/ဆက်ရုံး) Community Centre ခန်းမ၌ ပြုလုပ်သည်။