သတင်းများ

ဂန့်ဂေါမြို့နယ် ကွမ်းဇဲကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Sep 07,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် ကျေးရွာ (၁၀)ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကွမ်းဇဲကျေးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်သောကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Sep 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် Cash for Work စီမံကိန်းအရ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသော ပနံကျေးရွာအုပ်စု၊ ရွာဘိုးကျေးရွာနှင့် စိုင်မလန်းကျေးရွာများရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် အဆိုပါလုပ်ငန်းများ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ SAE ဒေါ်ခိုင်ဇင်အောင်နှင့်တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှင့် ခရီးသွားပြည်သူများ ရောဂါကူးစက်မှု မရှိစေရန် မြို့အဝင်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှင့် ခရီသွားပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သီပေါမြို့နယ်၌ နှာခေါင်းစည်းတပ်၍ သွားလာရေး ဒုတိယအကြိမ် Mask Campaign ပြုလုပ်
Sep 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အိမ်အပြင်ထွက် သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာရေး ဒုတိယအကြိမ် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းရှိ နေရာအနှံအပြားတွင် ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် Mask များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်
Sep 07,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ ရပ်ကွက် (၄) လမ်းဆုံတွင် Mask များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မျိုးဆက်ပွားနှင့်သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း(ဗဟို)နှင့် IPPF Sprint တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း-၂ သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဇလွန်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ဇလွန်မြို့ အဝင်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ Quarantine Centre ကြိုတင်ပြင်ဆင်​မှုများဆောင်ရွက်
Sep 07,2020
ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်း များကို ​ဆောင်ရွက်ရန် အတွက် Quarantine Centre ကို အမှတ်(၇)အ​ခြေခံပညာ အထက်တန်း​ကျောင်း တွင် ယ​​နေ့ နံနက် (၈) နာရီအချိန် က စတင်ကာ ကြိုတင်ပြင်ဆင်မှုများကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။