သတင်းများ

ရွာသစ်မြို့ဒေသထွက် သဘာဝအုန်းဆီစစ်စစ် ရောင်းအားကောင်းလျက်ရှိ
Sep 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်သဘာဝအုန်းဆီစစ်စစ်သည် ဆေးဖက်ဝင်၍ လူကြိုက်များပြီး ဈေးကောင်းရသောကြောင့် ဒေသခံအုန်းဆီရောင်းသူများက အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရေး Quarantine Centre ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ် ထိန်းချုပ်​ရေးလုပ် ငန်းများနှင့် စပ်လျဉ်း၍ စောင့်ကြည့်ရမည့်သူများအားသီးခြား စောင့်ကြည့်မှုများ ဆောင်ရွက်သွားရန်အတွက် Quarantine Centre ကို အမှတ်(၁)အ​ခြေခံပညာ အထက်တန်း‌ကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့် ယ​​နေ့ နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကြိုတင် ပြင်ဆင်မှုများ ကို ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်
Sep 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ၁၉၈၉ခုနှစ် အမျိုးသားစာပေဆုရစာအုပ်မှ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသည့် ``ပန်းလိုချင် အပင်ကို ပျိုးတတ်မှ´´ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်းပြုလုပ်ဆောင်ရွက်
Sep 08,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်း ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဟိုပန်၌ အစေ့ထုတ်ပြောင်းမျိုးစေ့ ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိပ်သိမ်းခြင်းဆောင်ရွက်
Sep 08,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက Covid-19 ကာလ တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများအတွင် အထောက်အကူပြုစေရန် အစေ့ထုတ်ပြောင်း မျိုးစေ့ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိပ်သိမ်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မိန်းပန်း ရှမ်းရပ်ကွက်၊ ဘတ်စုံသုံးစံပြကွက်ရှိ တောင်သူဦးအောင်မြင့်၏လယ်(၁)ဧကတွင် ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း လှည့်လည်ကြေညာ
Sep 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြား ချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့်ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစ၍ ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်း ကားဖြင့် လှည်လည့်အသိပေး နှိုးဆော်ကြေညာလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Sep 08,2020
မိုးကောင်းမြို့နယ်ရှိ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
ချောက်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်း ဆွေးနွေး
Sep 08,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ချောက်မြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ် စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်းဆွေးနွေးတွေ့ဆုံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၃)နာရီကပြုလုပ်ခဲ့သည်။