သတင်းများ

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်၍ သွားလာနိုင်ရေး နေ့စဉ်ဆောင်ရွက်
Sep 08,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း(Mask)တပ်၍ သွားလာရေး နေ့စဉ် တရက်နှစ်ကြိမ်ဖြင့် အထူးကြပ်မတ်ကာ မြို့ဝင်လမ်းဆုံ နေရာ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့မစျေးကြီးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များတွင် သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး
Sep 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း၌ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်းလိုက်နာဆောင်ရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် အောင်မြေသာယာဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ Quarantine Centre ဖွင့်လှစ်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 08,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်လူနာများထားရှိရန် အမှတ်(၆)ရပ်ကွက် အောင်မြေသာယာ ဘုရားအနီး သာသနာ့ဗိမာန်တော်ကြီးတွင် Quarantine Centre ဖွင့်လှစ်ရန် ယမန်နေ့ မွန်းလွဲ  ၂ နာရီခန့်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Sep 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့သည် စာရေးဆရာဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၃၀)ဦး၏ Swab နမူနာများ ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးရန် Swab နမူနာများရယူ
Sep 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၃၀)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးရန် ယနေ့ နံနက်(၇)နာရီကရယူခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြန်အောင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ပေးအပ်
Sep 08,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြန်အောင်/ကြံခင်းမြို့ နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်က မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းပေါ်၌ ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းယာယီပိတ်ဆို့မှုဖြစ်ပွား
Sep 08,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၃၅ နေရာတွင် စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခန့်၌ ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်း ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများတွေ့ဆုံပွဲနှင့် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 08,2020
မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများ တွေ့ဆုံပွဲနှင့် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်း ပပြုလုပ်ခဲ့သည်။