ငွေဆောင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးတွင် မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပေါက်ကွဲစေတတ်သောယမ်းမှုန့်များရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ကို ယနေ့နံနက် ၈နာရီချိန်တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးဦးဝင်းကျော်နှင့်တာဝန်ရှိသူများမှစျေးတွင် မီးလောင်မှုဖြစ်ပွားပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ် ပစ္စည်းများ အသင့်ထားရှိမှုအခြေ အနေများနှင့် ယင်းပစ္စည်းများအားအသုံးပြုမည့်အစီအမံများ၊စျေးဆိုင်များတွင် ပေါက်ကွဲစေတတ်သော ယမ်းမှုန့် များ ရောင်းချနေမှုရှိ/မရှိ ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မီးဘေးကြိုတင် ကာကွယ်နိုင်ရေး အတွက် လိုအပ်ချက်များကို ဈေးကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူမူ(ငွေဆောင်)