မလှိုင်မြို့နယ် ထွေ/အုပ် ဝန်ထမ်း သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

မလှိုင် ဇွန် ၅

၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က ပညာသင်စရိတ် ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသားသမီး တစ်ဦးခြင်းကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသားမိဘများ ကိုယ်စား ဒေါ်ဖြူဖြူသွင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါနေ့က တက္ကသိုလ်အဆင့် ၁၅ဝဝဝိ နှုန်း၊ အထက်တန်းဆင့် ၁ဝဝဝဝိ နှုန်း၊ အလယ်တန်းဆင့် ၇ဝဝဝိ နှုန်း၊ မူလတန်းအဆင့် ၅ဝဝဝိ နှုန်း၊ KG တန်းအဆင့် ၃ဝဝဝိ နှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၃) ဦးအတွက် ငွေကျပ် ၃၂၄ဝဝဝိ ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)