ပန်းတနော်မြို့နယ် အင်းမ သဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်

ပန်းတနော်   ဇွန်     ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမ သဘာဝမြစ်ချောင်း အတွင်း ငါးမျိုးပြန့်ပွားစေရေး၊ ငါးသယံဇာတများပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါချောင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ်၊ မြို့နယ်        ငါးလုပ်ငန်းဦးစီးဌာနမှ ဦးလှအောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများက ပသွယ်ငါးသားပေါက်စခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး၊ ရွှေဝါငါးကြင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၀,၀၀၀ ခန့်အား အင်းမ သဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။ သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးသယံဇာတများ မျိုးပြုန်းပျောက်ကွယ်မှုမရှိစေရေး၊ စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် သဘာဝမြစ်ချောင်းရေပြင်များအတွင်း သို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)