၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဇွန်  

၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံလယ်ယာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ Great Wall Hotel ကျင်းပပြုလုပ်ခဲ့သည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးအတွက်သော်လည်းကောင်း၊ ဒေသ အသီးသီး အလိုက်သော်လည်းကောင်း စီမံခန့်ခွဲရေး လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများရေးဆွဲရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏မျက်မှောက်စားနပ်ရိက္ခာနှင့် လယ်ယာကဏ္ဍအခြေအနေကို ထင်ဟပ်စေမည့် တိကျမှန်ကန်သည့် သတင်းအချက်အလက်များပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၂၂ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင် စာ ရင်း စီမံကိန်း ကော်မတီဥက္ကဋ္ဌ၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနရှိ အရာထမ်းအမှုထမ်းများ အနေနှင့် လယ်ယာ သန်းခေါင်း စာရင်း လုပ်ငန်းအကြောင်း ကြိုတင်သိရှိထားနိုင်စေရန်၊ စီမံကိန်းလုပ်ငန်းစဉ်များ လုပ်ဆောင် နေမှု အခြေအနေကို သိရှိထားနိုင်စေရန်နှင့် စာရင်းကောက်ယူသည့်အခါ ယခင်လိုစက္ကူ စာရွက် မေးခွန်းလွှာများ ကို အသုံးမပြုတော့ဘဲ ယခုတစ်ကြိမ်မှာ ကွန်ပျူတာနည်းပညာအထောက် အကူဖြင့် အင်တာဗျူးစနစ်ကို စတင်အသုံးပြုမှာဖြစ်ကာ Android System Smart Phone Tablet Laptops Computer များအထဲကို Software ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းလွင်ဦးတို့က စာရင်းကောက်ယူမည့်နည်းလမ်း နည်းစနစ်များ၊ FOA World Census of Agriculture Guidelines များနှင့်ပက်သက်၍ ဆွေးနွေး သွားမည်ဖြစ်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်နှင့်မြို့နယ် များ မှ  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်းသိရသည်။

အောင်ကို