ကန်ကြီးထောင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေပွဲကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၀

ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က သီရိသုခခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍  မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဒေါ်နိုင်နိုင်စိုး က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ ရည်ရွယ်ချက်နှင့် ဥပဒေများအား အကျယ်တ၀င့် ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီ၀င်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကလေးသူငယ်အဓိပ္ပါယ်၊ ကလေးသူငယ်များ၏ အခွင့်အလမ်းများ၊ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု အခြေအနေများ၊ အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ခြင်းများ၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အသုံးချခံထားမှုများမှ ကာကွယ် စောင့်ရှောက်ခြင်းများနှင့် ဒုတိယဥပဒေအရာရှိက ကလေးသူငယ် ပြစ်မှုပြစ်ဒါဏ်များ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ဇင်မာ ကန်ကြီးထောင့်(ပြန်/ဆက်)