ပင်လည်ဘူးမြို့၌ တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေး တစ်ရက် သင်တန်းဖွင့်လှစ်

ပင်လည်ဘူး ဇွန် ၁၀

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာနမှ  ကင်းပန်းကျေးရွာ၊ ဝမ်းဘဲအင်းကျေးရွာ၊ မိချောင်းအင်းကျေးရွာ တို့ရှိ တစ်ပိုင်တစ်နိုင် ငါးမွေး တောင်သူများအား အခြေခံ ငါးမွေးမြူရေး တစ်ရက် သင်တန်း လက်တွေ့ စာတွေ့  ဖွင့်လှစ်ပို့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၁၅:၀၀ နာရီအထိ ကင်းပန်းကျေးရွာ အုပ်စု မိချောင်းအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

   

 

အဆိုပါ သင်တန်းတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရေချိုငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးမွေးမြူခြင်းဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်းမှ စီးပွားဖြစ်တိုးတက်မွေးမြူနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

   

ဆက်လက်၍ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ၊လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ငါးမွေးတောင်သူများအား ငါးကန်များပြုပြင်ရာတွင် မှန်ကန်မှု ရှိစေရေး၊ ရေအရေအသွေး စနစ်တကျ ရှိစေရေး၊ ငါးရိုင်းသတ်ဆေးနှင့် မြေသြဇာသုံးစွဲရာတွင် မှန်ကန်မှု ရှိစေရေး၊ ငါးထည့်သွင်းနှုန်း မှန်ကန်မှု ရှိစေရေး၊ အစာနှင့် အစာကျွေးနည်းစနစ် ကောင်းမွန်စေရေး၊ သာမန် ငါးရောဂါများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ငါးသယံဇာတများ ရှင်သန်ကြီးထွားနှုန်း မျိုးပွားနှုန်း ကောင်းမွန်စေရေးအတွက် သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

  

 

 

ဆက်လက်၍ သင်တန်းသားများအား ရေအရေအသွေး တိုင်းတာခြင်းအား လက်တွေ့ သရုပ်ပြ ပို့ချ၍ အဆိုပါ သင်တန်းကို  ငါးမွေးတောင်သူ ၂၀ ဦး တက်ရောက်​လေ့လာ သင်ယူခဲ့ကြောင်း သိရသည်။

 

 

အေးဝင်းခိုင်