သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

သာယာဝတီ  ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ သာယာဝတီနယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းသို့ ယနေ့ နံနက်ပိုင်းက လိုက်လံ ကြေညာပေးလျက်ရှိသည်။

ယင်းသို့ လိုက်လံကြေညာရာတွင် သာယာဝတီမြို့နယ်အတွင်းရှိ ကျောင်းစုရပ်ကွက်၊ ရွာကြီးကုန်း ရပ်ကွက်နှင့် ဇိမ်ဇာကျေးရွာ၊ စမ်းတွင်းကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့် အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြ ရန်၊ မလိုလားအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကို မကြာ ခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ မိမိတို့ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်း များဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုက်လံနှိုးဆော်ခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သန့်ဇော်(ခရိုင်ပြန်/ဆက်)