မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မုဒုံ     ဇွန်       ၁၀

    

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို  နေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြု ဗဟို ဌာန (Community Center)ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

   

 

ဆွေးနွေးပွဲတွင်    မုဒုံမြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီး  မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆွေဇင်မြင့်တို့က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မိမိတို့ဌာနအနေနဲ့  “ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသည့် ဒုက္ခသည်များအား  လတ်တလောသက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးခြင်း၊သဘာဝဘေးအန္တရာယ် ကြောင့် လူ့အသက်၊အိုးအိမ်၊စည်းစိမ် ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံခန့်ခွဲပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊  ဘေးအန္တရာယ်မဖြစ်ပွားမီအချိန်တွင်  ကြိုတင်ပြင်ဆင်မှုများနှင့် ဆောင်ရန်၊ ရှောင်ရန်    အသိပညာပေးခြင်းများတို့ကို   ဆောင်ရွက်ကြောင်း၊    ဘေးအန္တရာယ် ဖြစ် ပွားသည့်အချိန်တွင် ပျက်စီး ဆုံးရှုံးသွားသော   နေအိမ်၊အိမ်ထောင်စုစာရင်းများ   ကောက်ယူပြီး အချိန်နှင့် တပြေးညီ သက်ဆိုင်ရာ သို့တင်ပြခြင်းနှင့်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်တွင် ပျက်စီးဆုံးရှုံး သွားသော အိမ်ထောင်စုများအား ကူညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

        

 

 

ဆက်လက်၍    ရေဘေးအန္တရာယ်၊  ငလျင်ဘေးအန္တရာယ်၊   မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အကြောင်းတို့ကို    ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်   ဆွေးနွေး ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး    ဒေါ်မိုးမိုးစန္ဒာထွန်းက  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍     သိရှိ လို သည် များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း  သိရသည်။