ထန်းတပင် (ပဲခူး) ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးတောင်သူများအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း(၃၅) အုပ်စုမှ ယမန်နှစ်က ချေးယူထား သော မိုးစပါးစိုက်ပျိုးစရိတ်ဘဏ် ချေးငွေအကျေပေးဆပ်ပြီးသည့် ကျေးရွာအုပ်စုအလိုက် တောင်သူများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ပြီး ၂၀၂၁ခုနှစ်တွင် မိုးစပါးစိုက်ဧကအတွက် ဇွန်လ (၁၀)ရက်နေ့တွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ စုစုပေါင်း (၄၉) ဦးတို့ကို မိုးစပါးစိုက်ဧက စုစုပေါင်း (၂၆၆) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၃၉၉၀၀၀၀၀)သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)