သနပ်ပင်၊ ဇွန် ၁၀
စိုက်ပျိူးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတ မပြုန်းတီးရေး ငါးမျိုးစိုက်ခည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာအချိန်က သနပ်ပင်မြို့နယ် တာဝရေးတံခါးကျေးရွာ ရေထိန်းတံခါး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြား ရေးမှူး ဦးထွန်းဝင်းမြင့်၊ ခရိုင်ငါး လုပ်ငန်းဦးစီးမှူး ဦးဇော်မြင့်နိုင်၊ တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများ၊၊ မြို့နယ်ငါးဆင်း စိုက်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ကောင်စီဝင်(၂)နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာ ငါးမွေးမြူဝါသနာရှင်များတက်ရောက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပဲခူး-စစ်တောင်းတူမြောင်းအတွင်း၌ တည်ဆောက်ထားသော တာဝရေထိန်းတံခါးအတွင်းသို့ ငါးမြစ်ချင်း အကောင်ရေ တစ်သိန်းသုံးသောင်း(၁၃၀၀၀၀)၊ ရွှေဝါးငါးကြင်း အကောင်ရေ တစ်သိန်း သုံးသောင်း (၁၃၀၀၀၀) စုစုပေါင်းငါးအကောင်ရေ (၂၆၀၀၀၀) အား ငါးသယံဇာတများ မပြုန်းတီးရေးနှင့် ငါးမျိုးစိတ်များ ရှင်သန်ကြီးထွားနိုင်ရေး၊ ငါးသားစားမှုဖူလုံစေရေးတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)