ခရမ်း ဇွန် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများ ဖြစ်သော မြို့မဈေးကြီးအတွင်းအပြင်နှင့် ဈေးလမ်းစုံများ၊ စတိုးဆိုင်ကြီးများတို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုမင်း (ခရမ်း)