ဘားအံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

ဘားအံ   ဇွန်   ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဘားအံမြို့နယ် စုပေါင်းရုံးရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဘားအံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်နှင့်အဖွဲ့က ဘားအံမြို့နယ် မိကရင်ကျေးရွာအုပ်စုတွင် နေထိုင်သော အသက်(၁၆)နှစ်အထက် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၂၃၅)ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စုစာရင်း မရှိသူများကိုလည်း အိမ်ထောင် စုစာရင်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ဘားအံမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သော ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများအား အမှန်တကယ်နေထိုင်ပြီး လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများကို ပြုလုပ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့်မှတ်ပုံတင်ကတ် လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှု များကိုဆောင်ရွက်ပေးခြင်း စသည့်တို့ကို ပန်းခင်း စီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျန်ရှိ သောကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(ခရိုင်(ပြန်/ဆက်)