သီပေါ ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းမှ မြို့အဝင်/အထွက်ကိုဗစ်−၁၉ရောဂါစစ်ဆေးရေးဂိတ်ဖွင့်လှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များ ဖြည့်စွက်တင်ပြ ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီဝင်များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးမှလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးမှ လည်းကောင်း၊မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးမှလည်းကောင်း အသီးသီးတင်ပြဆွေးနွေးပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ကျန်းမာရေးအထောက်အကူပြုအဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)