လေးမျက်နှာ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အ.မ.က-မြစ်ကျိူးကျောင်းရှိ KG၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအား လေးမျက်နှာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စာရေးကရိယာနှင့် မုန့်များ သွားရောက် လှူဒါန်းခဲ့သည်။
လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင် ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဇာခြည်လင်း၊ ဒေါ်သန္တာဦး၊ ဒေါ်ဇင်မာငြိမ်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်(၆)ဒါဇင်၊ ပုံဆွဲစာအုပ်(၃)ဒါဇင်၊ ခဲတံ(၉၀)ချောင်း၊ အချိူရည် (၈၄)ဗူးနှင့် မုန့်မျိူးစုံများ လှူဒါန်းပေးခဲ့ပြီး ဆရာ၊ ဆရာမများမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)