အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

ကလော      ဇွန်    ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ ရွှေစာစီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုတို့က သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က သင်တန်းနည်းပြ ဆရာမတို့ကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လွယ်အံကျေးရွာအုပ်စုရှိ၊ မြင်းက၊ အင်းပြင်၊ ကြေးကုန်း၊ ကျောက်တန်း ကျေးရွာ(၄)ရွာမှ သင်တန်းသူ(၃၀)ဦးတို့ကို သင်တန်းဆရာမနှစ်ဦးဖြင့် သင်တန်းကာလကို (၁)လ အချိန်ကြာ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ပြန်/ဆက်)