အူပင်မြို့တွင် ခရီးသည် ပို့ဆောင်ရေးယာဉ် အသင်းဆိုင်းဘုတ်တင်ပွဲပြုလုပ်

မအူပင် ဇွန် ၁၁
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယခင်ယဉ်ပြေးဆွဲလျက်ရှိသည့် မအူပင်စုပေါင်း ကားဂိတ်အမည်အစား ကောင်းထက်သူနှင့် ရွှေလမင်း ဂိတ်ခရီးသည် ပို့ဆောင်ရေးယဉ် အသင်းအဖြစ် ဆိုင်းဘုတ်တင်ပွဲ ကို ယနေ့ နံနက်၉နာရီက မအူပင်မြို့ ကားဂိတ်ဝန်းလက်မှတ်အရောင်းဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကောင်းထက်သူနှင့် ရွှေလမင်းခရီးသည် ပို့ဆောင်ရေးယာဉ် အသင်းသည် ယခင်ပြေးဆွဲလျက်ရှိသည့် မအူပင်-ဒလ-ဘီအိုစီ-ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ် နားစခန်းအထိ နေ့စဉ် နံနက်၆နာရီမှ ညနေ၄နာရီထိ မအူပင်မှရန်ကုန်သို့ တစ်နေ့အလှည့်ကျ(၃၀)စီး ပုံမှန်ပြေးဆွဲလျက်ရှိပြီး ယခင်ကခရီးသည် တစ်ဦးလျှင်မအူပင်-ရန်ကုန် ကားခ ၂၀၀၀ကျပ် ဖြင့်ပြေးဆွဲလျက်ရှိပြီး
ယခုအခါ COVID-19ရောဂါကာကွယ်ရေးကာလတွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီမှန် လုံကားအသေးဖြင့်လူဦးရေ ယခင်က (၁၄)ဦး တင်ဆောင သော်လည်း ယခု(၇)ဦး ဖြင့်ပြေးဆွဲသဖြင့် တစ်ဦးလျှင် (၅၀၀၀ိ/-) ကျပ်ငါးထောင်နှုန်းဖြင့်ပြေးဆွဲလျက် ရှိပါကြောင်း ဂိတ်တာဝန်ရှိသူထံမှ သိရ သည်။
အောင်ခိုင်