ကျောက်ဆည်၊ ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသတွင်းငါးစားသုံးမှုတိုးတက်မြင့်မားစေရေးအတွက် ယနေ့နံနက်၈နာရီခွဲက ရဲရွာရေအားလျှပ်စစ် စီမံကိန်းရေလှောင်တမံအတွင်း ငါးသားပေါက်ကောင်ရေ(၉)သိန်း စိုက်ထည့်ခဲ့ကြောင်းသိရသည်။
အဆိုပါ ငါးမျိုးများစိုက်ထည့်ရာသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ညီတိုးနှင့်ဝန်ထမ်းများ၊ ကျောက်ဆည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦး အောင်သူ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများ၊ စခန်း တာဝန်ခံ များ စုပေါင်း၍ ငါးမြစ်ချင်းကောင်ရေ(၆)သိန်း (၅)သောင်း ၊ငါးခုံးမကြီးကောင်ရေ (၂)သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ(၅)သောင်း၊ စုစုပေါင်း ငါးကောင်ရေ(၉) သိန်းကိုငါးမျိုးကောင်းမျိုးသန့် ပြန့်ပွားစေရေးအတွက် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး