ကဝ ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် ကဝမြို့၏ အနောက်ဘက် ကဝထုံးကြီး (ပဲခူး) မြစ်ကူး တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက နံနက်(၇)နာရီမှ ညနေ(၄)နာရီအတွင်း ဖြတ်သန်းသွားလာကြသည့် ပြည်သူများနှင့် အခြားဒေသများမှ ပြန်လည်ဝင် ရောက်လာသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အပြင်မှ ပြန်လာတိုင်းနှင့် အရာဝတ္ထုများ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန်နှင့် ကိုဗစ်-၁၉ ရောဂါ၏ အန္တရာယ်ကြီးမားပုံများကို အသိပညာပေး ပြောကြားလျက်ရှိ ကြောင်း သိရသည်။