သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး

သီပေါ   ဇွန်  ၁၁

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ၂၆ ရက်က   စတင်ထုတ်ချေးပေးလျက်ရှိရာ     ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ်မိုးရာသီ စိုက်ပျိုးသီးနှံအတွက်ငွေကျပ် သိန်းပေါင်း(၂,၇၀၉,၈၀၀,၀၀ဝိ/−)ထုတ်ချေးရန်လျာထားကြောင်းသိရပြီး စပါးတစ်ဧကလျှင်ငွေကျပ် (၁၅၀,၀၀ဝိ/−)နှုန်း၊ အခြားသီးနှံတစ်ဧကလျှင်(၁၀၀,၀၀ဝိ/−)နှုန်းဖြစ်ကြောင် းနှင့်  ချေးငွေများကို စက်တင်ဘာလကုန်အပြီး ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။

သီပေါမြို့နယ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုဘဏ္ဍာနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ကိုကျေးရွာအုပ်စု(၃၅)အုပ်စုမှတောင်သူများအားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ ကျေးရွာ အုပ်စု(၉)အုပ်စုသို့ ငွေကျပ်(၂၁၄,၄၅၀,၀၀၀)သိန်း ထုတ်ချေးပြီးကြောင်း မြို့နယ်ဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)