ဟင်္သာတခရိုင်ပြန်/ဆက်ရုံး Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ဟင်္သာတ  ဇွန်  ၁၁

ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Women Club အဖွဲ့တို့ ပူးပေါင်းပြီး  လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နေ့လည်(၁)နာရီက Community   Centre  ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်၏  “ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည် ။

ရှေးဦးစွာ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ လယ်တွင်းသားစောချစ်၏“ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်မှ ကျောင်းနေပျော်၍ စာတော်ပါစေဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်၍ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမာက ကျောင်းနေပျော်၍ စာတော်ပါစေဆောင်းပါးမှ ကျူရှင်ယူခြင်း မယူခြင်း ခေါင်းစဉ်ကိုလည်းကောင်း၊  မြို့နယ် Women Club အဖွဲ့အတွင်းရေးမှူး ဒေါ်မော်မော်ဝင်းက ပန်းလိုနုနယ်ကလေးငယ် ဆောင်းပါးပါ အကြောင်းအရာကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်မေအေးက ဆုမြတ်မွန် ဆောင်းပါးပါ အကြောင်းအရာများနှင့်  ဒေါ်မြင့်မြင့်အေးက မိဘဆရာရိုသေပါ ဆောင်းပါးပါ အကြောင်းအရာတို့ကိုလည်းကောင်း အသီးသီးဆွေးနွေး ကြသည်။

 ဟင်္သာတခရိုင်(ပြန်/ဆက်)