ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

ကြာအင်းဆိပ်ကြီး ဇွန် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် က မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည် က စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေကာ စာဖတ်သူဦးရေ တိုးပွားလာစေခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ဖတ်ကြားဆွေးနွေးရာ အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့် ရှိသည်၊ အခွင့်အရေးဆိုသည်မှာ၊ လက်‌တွေ့ကျ‌သော စိတ်ကူးယဉ်သမားများ၊ ဖြောင့်မတ်ခြင်း တည်ကြည်ခြင်း၊ ရဲရင့်ခြင်း၊ မိမိကိုယ်ကိုထိန်းသိမ်းခြင်း စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားပြီး မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန်အလှန်ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး