သန်လျင်၌ စာရေးကိရိယာ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကျင်းပ

သန်လျင် ဇွန် ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၏ သားသမီးများအား ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ ရှင်စောပု ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းအောင်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား နှစ်စဉ်ပညာသင်ထောက်ပံ့ကြေး ပေးနေမှုများနှင့် ၂၀၂၁- ၂၀၂၂ ပညာရေးနှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းများ၏ သားသမီးများအား အထောက်အပံ့အဖြစ် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား၊ သမီး ၁၄ ဦးတို့အား စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးများကို ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအတွက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် ၄၃၇၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ခရိုင်မိသားစုများ၏ သားသမီးများအား ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်း အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။