အုတ်ဖို ဇွန်၁၁
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီး ဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဇီးကုန်းမြို့ နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ထောက်ပံ့ငွေပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသက်(၈၅)နှစ်ပြည့်သည့် ဘိုးဘွားများ လူမှုရေးပင်စင် လျောက်ထားရမည့် ပုံစံများ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ငွေပေး အပ်ခြင်းကို ဇီးကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင် နှင်းနှင်းယု၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ယာ ရောက်လိုက်လံပေးအပ် ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ (၃) လပတ် ( ဇန် နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ) များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးကို တစ်လလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့်(၃) လအတွက်(၃၀၀၀၀)ကျပ်စီ ထောက်ပုံပေးအပ်ခြင်းဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ်အတွင်း ဘိုးဘွား (၉၃၄) ဦးအတွက် (၂၈၀၂၀၀၀၀)ကျပ် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယု ထံမှသိရသည်။
အောင်သူ(အုတ်ဖို)