မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေပေးအပ်

မိတ္ထီလာ၊ ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ယမန်နေ့ နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှုးသန်းနိုင်(ငြိမ်း)က အသက်(၇၅)နှစ် ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး
မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှုးသန်းနိုင်(ငြိမ်း)၊ အတွင်းရေးမှူး ဗိုလ်ကြီး နန္ဒကျော်သူ(ငြိမ်း)နှင့် တာဝန်ရှိသူများက အသက်(၇၅)နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသက်(၇၅)နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးလျှင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)မှ ငွေကျပ် (၅၀၀၀၀)နှုန်း၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(စည်ပင်ပြင်ပ)မှ ငွေကျပ် (၁၀၀၀၀)နှုန်းနှင့် မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် အသက်(၇၅) နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၆ရ)ဦးအား ထောက်ပံ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)