ကွမ်းခြံကုန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးငွေဖြင့် ငှက်ကြီးဒေါင်းကျေးရွာ ကွန်ကရစ်လမ်း ဆောင်ရွက်မှု ၉၀ရာခိုင်နှုန်းပြီးစီး

ကွမ်းခြံကုန်း ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေဖြင့် ငှက်ကြီးဒေါင်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ၉၀ ရာခိုင်နှုန်း ပြီးစီးသည်ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂၁)ရွာရှိခဲ့ရာမှာ ငှက်ကြီးဒေါင်းကျေးရွာမှ ရရှိသည့် မြစိမ်းရောင်စီမံကိန်း အတိုးငွေကျပ်( ၃၄၈၂၆၈၂၀)အနက်ငွေကျပ်(၃၀၀၉၀၀၀ )ကျပ် အား ကျေးရွာနေ ပြည်သူများ၏ လုပ်အားဖြင့်အရှည်(၁၁၀)ပေ၊ အကျယ်(၆)ပေ၊ ထု(၆)လက်မနှင့် အရှည်(၂၁၅) ပေ၊ အကျယ်(၅)ပေ၊ ထု(၆)လက်မရှိ လမ်း(၂)လမ်းကွန်ကရစ်ခင်းခြင်းအား ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လမ်းအား မေ လ ၁၀ ရက်နေ့ မှ စတင်ကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီးဖြစ်ပါ၍ ၁၀၀ရာခိုင်နှုန်း ပြီးစီးအောင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု့ စစ် ဆေးကာ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။