ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိ ပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် ဇွန် ၁၁

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုး၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နေရာတွင် ကလေးသူငယ်များကို အသုံးချပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)