ရန်ကင်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်

ရန်ကင်း  ဇွန်  ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အမှတ်(၁၁)ရပ်ကွက်၊ သစ္စာလမ်း( TTC ကျောင်းဝင်း ရှေ့မှဆည်မြောင်းလမ်း အထိ)ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေနုတ်မြောင်းတူးဖော်ခြင်း၊ နှာပေါက်ဖွင့်ခြင်းသဲ၊ ခဲထိုးခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန် တောင်ပိုင်းခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဖြိုးကျော်ဦး ဆောင်မှုဖြင့် ဝန်ထမ်း အင်အား ၃၅ ဦးခန့်ဖြင့် အမှတ် ၁၁ ရပ်ကွက် TTC ကျောင်းဝင်းရှေ့မှဆည်မြောင်း လမ်းအထိအရှည်ပေ၉၅၀၊ အကျယ်၂ပေခွဲ၊ အနက်၃ပေရှိ ရေမြောင်းအားနှုန်းမြေများဆယ်ယူခြင်း၊အမှိုက်သရိုက်များဖယ်ရှားခြင်း၊ နှာပေါက်ဖွင့်လှစ်ခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်းနှင့်အဆိုပါ ရေမြောင်းသည်ရန်ကင်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ သာကေတ၊ တာမွေမြို့နယ်များသို့ စီးဆင်းလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)