ပန်းတောင်းမြို့တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ပန်းတောင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်း ကို ယနေ့ နံနက်ပိုင်းက ဥသျှစ်ပင်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ပေါ်၌ စျေးဝယ်သူများ၊ မြို့တွင်းသွားလာလျက် ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါက Mask တပ်ဆင်သွားလာရေး Mask တပ်ဆင်သွားလာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးအမျိုးသမီး ရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး