ကလော စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ ကလောမြို့နယ်တွင် ရွှေညောင်-ကလော-သာစည် - အစုန် ၊ အဆန် မီးရထား ခရီးစဉ်များကို စက်တင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းမှ စတင်၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။
ကလောမြို့နယ်တွင် ရွှေညောင်-ကလော-သာစည် - အစုန် ၊ အဆန် မီးရထားခရီးစဉ်များကို ပြေးဆွဲ ပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလအတွင်းက စတင်ရပ်နား ထားခဲ့ရပြီး ဇူလိုင်လ ၆ ရက် နေ့ နံနက်ပိုင်း မှ စတင်ကာ နေ့စဉ် ပုံမှန် ပြန်လည် ပြေးဆွဲပေးခဲ့ကြောင်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မီးရထားခရီးစဉ်များ ပြေးဆွဲမှု ယာယီ ရပ်ဆိုင်းထားကြောင်း ၊ ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့် အချိန်ကာလကိုလည်း အများပြည်သူသိရှိအောင် ကြေညာပေး သွားမည် ဖြစ်ကြောင်း ကလောမြို့မီးရထားဘူတာရုံပိုင် ဦးတင်မောင်ဌေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)