မေတ္တာ စက်တင်ဘာလ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်မေတ္တာပန်းခင်း ပရဟိတ လူငယ်အဖွဲ့တို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ် −၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန် လမ်းထွက်သွား လာနေကြသူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေး ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကိုယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်(၁/၂/၃)ရပ်ကွက်များနှင့်တောင်သုံးလုံး ကျေးရွာအတွင်း ရှိပြည်သူများ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ် နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာ နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေး သွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင်နှာခေါင်စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်းများ ကို ပြည်သူများ သိရှိစေရန် တေးသရုပ်ဖော် များဖြင့် နှိးဆော်ခြင်း၊နှာခေါင်းစည်း (Mask)များအခမဲ့ များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ ပြန်/ဆက်)