မေတ္တာမြို့ ၌လမ်းသွားသူပြည်သူများအားနှာခေါင်စည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

မေတ္တာ စက်တင်ဘာလ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ တွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်ဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉နာရီက ထားဝယ်-မေတ္တာကားလမ်းတောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင် ကျေးရွာတို့တွင် ခရီးသွား ပြည်သူ များ နှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ /မရှိ ရှောင်းတခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မေတ္တာမြို့မြို့ အုပ်ချုပ်ရေးမှူး ဦးသူရထွန်းဦးဆောင်သော ဌာနဆိုင်ရာ တာ၀န်ရှိသူများ ပူးပေါင်း အဖွဲ့က လမ်းသွားလမ်းလာနေပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်စည်း တပ်ဆင်၍သွားလာကြရန်၊Mask နှာခေါင်စည်းတပ်ဆင်၍ သွားလာမှု မရှိသော ပြည်သူများအားmask များ ဝယ်ယူ စေခြင်းဖြင့်ဒဏ်တပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

နန်းခလိုက် (မေတ္တာပြန်/ဆက်)