ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေပေးဝေသည့် ရေပြွန်များအသစ်လဲပေးပြီး ရေရှည်ခိုင်မာစေရေး မြောင်းနံရံများအား ကျောက်ဆလန်စီပေး
Jun 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေး ကဏ္ဍအဆင်ပြေစေရေးအတွက် ရေပေးဝေမြောင်းများ တူးဖော်ပေးခြင်း၊ ရေပြွန်များ အသစ်လဲပေးခြင်းနှင့် မြောင်းနံရံများအား ကျောက်ဆလန်စီခြင်း၊ မြောင်းလမ်းများ ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နွားတက်မြောင်းမကြီးမှ ပေတိုင်(၁၁+၂၉၅)ရှိ စီမံကိန်းဝင် သီးနှံများ စိုက်ပျိုးရန်အတွက် တိုက်ရိုက်ရေပေးသည့် ရေပြွန်တစ်ခုအား အသစ်လဲပေးခြင်းနှင့် ရေရှည်ခိုင်မာစေရေးအတွက် မြောင်းနံရံများအား ကျောက်ဆလန်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။