မေတ္တာ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊မေတ္တာမြို့၌စားသောက်ဆိုင်များ နှင့်လက်ဘက်ရည် ဆိုင်များအားကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်(၁၁)နာရီအချိန် ကရှောင်တခင်စစ်ဆေးခဲ့ကြသည်။
ထို့သို့စစ်ဆေးရာတွင်မေတ္တာမြို့၊မြို့အုပ်ရေးမှူးဦးသူရထွန်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ တို့က မေတ္တာမြို့၊ တောင်သုံးလုံး ကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာတို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည် ဆိုင်များအားဆိုင်အတွင်းလက်ဆေး ဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိြခင်းရှိ/ မရှိ၊ဆိုင်ပိုင်ရှင်များ (Mask)တပ်ဆင်ရေးနှင့်စားသုံးသူများအားတစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေး များ ထားရှိခြင်းရှိ/မရှိတို့ကိုရှောင်တခင်စစ်ဆေးခဲ့ပြီးကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနကမှထုတ်ပြန်ထား သည့် စည်းကမ်းချက် များအ ပေါ်လိုက်နာမှုမရှိပါကပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာ ပါကဆိုင်(၃)ရက်ပိတ်သိမ်းစေခြင်း နှင့် တတိယအကြိမ် မလိုက်နာပါက အရေးယူနိုင်ရေးဆောင်ရွက်သွား မည် ဖြစ်ကြောင်းသိရှိရသည်။
ရန်နောင်စိုး