ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရန် အချက်များအား လှည့်လည် ကြေညာပေး
Sep 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့က ထုတ်ပြန် ထားသော အများပြည်သူများ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များအား လှည့်လည်ကြေညာပေးခြင်း ကို ယမန်နေ့ည ၇ နာရီက ရပ်ကွက်(၁၀)ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့သည်။