လောင်းလုံး စက်တင်ဘာလ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူများနှင့်စျေးရောင်းစျေးဝယ်ပြည်သူများ အားလုံး နှာခေါင်း စည်း (Mask)တပ်ဆင်ရေးအသိပညာပေးလှုပ် ရှားဆောင်ရွက်မှုကို ယနေ့ နံနက်၇နာရီ ကဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာနေပြည်သူများ ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ရေး နှင့်ပတ်သက်၍ ရောဂါကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက် နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာ ပေး ကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန်စသည့် ကာကွယ်ရေးနည်းလမ်းများ ကို ပြည်သူများ သိရှိစေရန် တေးသရုပ်ဖော်များကိုအသံချဲ့စက် ဖြင့် လှည့်လည် နှိုးဆော်ခြင်းများကိုလည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် လောင်းလုံး မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေး နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)